creation

တိရိစ္ဆာန်တွေ ကျတော့ရော ဘာလို့ အို နာ သေရတာလဲ

Admin

, Author

လူတွေက ဘုရားစကားနားမထောင်လို့ အပြစ်သားဖြစ်လာတယ် အပြစ်သားဖြစ်တော့ အိုရတယ်..နာရတယ်..သေရတယ် ဆိုတဲ့အကြောင်းကိုတော့ ဆရာရှင်းပြလို့ နားလည်ပါပြီ.. နားမလည်တာက တိရိစ္ဆာန်တွေ ကျတော့ရော ဘာလို့ အိုရတာလည်း နာရတာလည်း သေရတာလည်း.. သူတို့ကလူတွေလို ဘုရားစကားကို နားမထောင်ကြတာမှ မဟုတ်တာတဲ့….ကောင်းလိုက်တဲ့မေးခွန်းဗျာ.. ဒီလိုမေးခွန်းမျိုးမှ အဆင့်ရှိတယ်လို့ခေါ်တာ ဒါတောင် ဆန်းဒေးစကူလ်း ကလေးမေးတာနော်… တချို့လူကြီးတွေက အဖြေမသိတာမပြောနဲ့ မေးခွန်းမေးတာတောင်မှ ဖြောင့်ဖြောင့်မမေးတတ်ကြဘူး..သေချာဖြေပေးတော့လည်း အဖြေကိုလက်မခံပဲ ပတ်ရမ်းနေပြန်ရော….
ကဲခါတိုင်းလိုပါပဲ … အမေးရှိရင် အဖြေရှိရပါမယ်. ဒါပေမဲ့ ညာဏ်မှီဖို့လိုမယ်.. ခံယူတတ်ဖို့လိုမယ်.. ဆင်ခြင်တတ်ဖို့လိုမယ်.. ဒီလိုပြောလို့ ငါပြောသမျှခေါင်းငြိမ့် ဆိုတဲ့ပုံစံမျိုးမဟုတ်ဘူး.အကျိုးအကြောင်းကို ရှင်းပြတဲ့အခါ ငါလိုချင်တဲ့အဖြေမဟုတ်လို့ လက်မခံဘူးကွာ မဖြစ်နိုင်ဘူးကွာဆိုပြီး အကျိုးမဲ့အကြောင်းမဲ့
ငြင်းတယ်ကွာလို့ တဖက်ပိတ်အတွေးနဲ့မငြင်းနဲ့ ငြင်းမယ်ဆိုရင် အကျိုးသင့်အကြောင်းသင့်ပြန်ငြင်းပေါ့..ဒါမှ တရားမျှမယ်လေ..
မှန်ပါတယ်..ကျမ်းစာထဲမှာလူတွေဘာကြောင့်အိုနာသေရသလည်းဆိုတာပဲပါပြီး တိရစ္ဆာန်တွေက ဘာကြောင့်အိုရသလည်း နာရသလည်းဆိုတာမပါခဲ့ဘူး…ဘာကြောင့်လည်း..ဘာကြောင့်လည်း.
ဘုရားသခင်က အရာအားလုံးကိုဖန်ဆင်းပြီးနောက် ၆ ရက်မြောက်နေ့မှာ ဒီလို သုံးသပ်ပြီးအလွန်ကျေနပ် အားရခဲ့ပါတယ်။
ကမ႓ာဦးကျမ်း ၁:၃၁ ဘုရားသခင် သည် မိမိဖန်ဆင်းသမျှသော အရာတို့ကို ကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင်တော်မူ၍ ၊ ညဦးနှင့်နံနက် သည် ဆဌမနေ့ရက်ဖြစ်လေ၏။
ဘုရားသခင်ဖန်ဆင်းတော်မူစက အရာအားလုံးဟာအလွန်ကောင်းတဲ့အနေအထားမှာရှိပါတယ်..ရာသီဥတုလည်းကောင်းတယ်..ကမ႓ာမြေကြီးလည်းကောင်းတယ်.လူမဆိုသေးနဲသက်ရှိသက်မဲ့သတ္တဝါအားလုံးက အစကောင်းခြင်းအဖြာဖြာနဲ့ပြည့်စုံတယ်..တိရိစ္ဆာန်အချင်းချင်းလည်း ကိုက်ဖြတ်သတ်စားခြင်းမလိုသလို လူကလည်းတိရစ္ဆာန်တွေကို သတ်စားစရာမလိုအောင်ကောင်းခြင်းအဖြာဖြာနဲ့ပြည့်နေမှာသေချာပါတယ်..နာကျင်ခြင်းမရှိ ညီးတွားခြင်းမရှိ အိုခြင်းမရှိ သေခြင်းမရှိတဲ့ ကောင်းခြင်းတွေပါ။အဲ့ဒီကာလမှာ လူအပါအဝင်အားလုံးသောသက်ရှိသတ္တဝါအားလုံးဟာ အသီးအရွှက်ကိုသာစားကြပါတယ်..ဒီကျမ်းချက်လေးကိုဖတ်ပြီးဆင်ခြင်ကြည့်ပါ
ကမ႓ာဦးကျမ်း၁:၂၈ အချင်းတို့၊ များပြားစွာမွေးဘွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟု မိန့်တော်မူ၍ ၊ သူတို့ကို ကောင်းကြီးပေးတော်မူ၏။
၂၉ ဘုရားသခင်ကလည်း၊ ကြည့်ရှု့လော့။ မြေတပြင်လုံး၌ စပါးသီးကိုဖြစ်စေသော စပါးပင်အမျိုးမျိုး တို့ကို၎င်း၊ မျိုးစေ့ကိုဖြစ်စေသော အသီးနှင့် ပြည့်စုံသော သစ်ပင်အမျိုးမျိုးတို့ကို၎င်း၊ သင်တို့စားစရာဘို့ ငါပေး၏။
၃ဝ မြေသား၊ မိုဃ်းကောင်းကင်ငှက်၊ အသက်ရှင်၍ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့ စားစရာအဘို့၊ မြက်ပင် အမျိုးမျိုးတို့ကို ငါပေးမည်ဟု မိန့်တော်မူသည်အတိုင်း ဖြစ်လေ၏။
ဘုရားသခင်ဟာ လူအာဒံ ဧဝကို ဖန်ဆင်းပြီးတဲ့နောက်မှာ ပထမဦးဆုံးအပ်ပေးတဲ့တာဝန်က များပြားစွာမွေးဖွားဖို့ဖြစ်တယ်..မြေကြီးပြည့်တဲ့အထိနိုင်ရမယ်တဲ့..
ဒုတိယတာဝန်ကတော့ ရှိသမျှသတ္တဝါ အားလုံးကိုအုပ်စိုးရမယ်တဲ့။
ဒီတာဝန် ၂ရပ်ကိုလူဟာထမ်းဆောင်ရပါတယ်.။.
မျက်စိထဲမြင်ယောင်ကြည့်ပါ..မြက်စားနေတဲ့ခြင်္သေ့ကြီးဘေးမှာ ယုန်ကလေးမုန်လာဥနီစားနေတာ ဘယ်လောက်ပျော်စရာကောင်းလိုက်မလည်းလို့ လောဘမရှိ ဒေါသမရှိ မောဟမရှိ အိုခြင်းမရှိ နာခြင်းမရှိ သေခြင်းမရှိ ကြည်နူးစရာအတိပါ။
ဘုရားသခင်ကအာဒံနဲ့ဧဝကို ဧင်ဥယျဉ်အလယ်မှာရှိတဲ့ ကောင်းမကောင်းသိကျွမ်းရာအပင်ရဲ့ အသီးကိုတော့ မစားနဲ့ စားရင်စားတဲ့နေ့မှာမင်းတို့သေလိမ့်..သူ့ဘေးမှာရှိတဲ့အသက်ပင်ရဲ့အသီးနဲ့တကွအခြားသောအပင်အားလုံးရဲ့အသီးကိုစားပါလို့မှာထားပါတယ်..ဘာကြောင့်လည်းဆိုတော့ ကောင်းမကောင်းသိကျွမ်းရာအပင်မှာ အိုခြင်း နာခြင်း သေခြင်း ဆိုတဲ့ အဆိပ်တွေရှိနေလို့ပါ။တချို့သူတွေထင်သလိုဘုရားသခင်က ကျိန်စာတိုက်တယ်ဆိုတာမျိုးမဟုတ်ပါဘူး..လူဟာအဲ့ဒီတားမြစ်ထားတဲ့အသီးကိုစားမိရင် အိုလာတော့မယ် နာလာတော့မယ် သေရတော့မယ် ဆိုတာသိလို့ မေတ္တာနဲ့မစားနဲ့လို့ တားထားတာပါ။ ဒါဖြင့်ရင် တချို့ကထပ်မေးမယ်…ဘာဖြစ်လို့ အဲ့ဒီအသီးကိုဖန်ဆင်းထားသေးလည်း.အဲ့လိုအဆိပ်အသီးကို မဖန်ဆင်းနဲ့ပေါ့..အဲ့ဒါဆိုရင်ဘယ်လောက်ကောင်းမလည်းပေါ့။ဒါပေမဲ့ ဘုရားသခင်ရဲ့ဖန်ဆင်းခြင်းကစုံလင်တယ်ဆိုတာမမေ့ပါနဲ့..အလင်း ရှိသလို အမှောင်ရှိတယ်၊ အထီးရှိသလို အမရှိရပြန်တယ်..နေ့ရှိသလို ညလည်းရှိရပြန်တယ်။အားလုံးကိုစုံနဲ့ဖန်ဆင်းထားမှ ပြည့်စုံတယ်လို့ခေါ်နိုင်မယ်။
ဒီအတွက် အသက်ပင်ရဲ့အသီးကိုစားပြီး အိုနာသေခြင်းကင်းရသလို အဆိပ်ပင်ဆိုတဲ့ ကောင်းမကောင်းသိကျွမ်းရာအပင် အိုနာသေခြင်း အသီးရှိနေဖို့လိုနေပြန်တယ်။ဒါပေမဲ့ လူကိုဘုရားက အကျိုးအကြောင်းနဲ့ ဖြစ်လာမဲ့အပြစ်တရားရဲ့ရလဒ်တွေကိုပြောထားမှာထားပြီးပါပြီ မစားနဲ့စားတဲ့နေ့သေရမယ်ပေါ့။
ဒါပေမဲ့လူဟာ နားမထောင်ဘူး လူဟာစာတန်ရဲ့လှည့်ဖြားခြင်းကိုနားထောင်ဖို့ရွေးချယ်လိုက်တယ်။လူဟာစာတန်စကားကိုနားထောင်ပြီး ဘုရားစကားကိုငြင်းပါယ်လိုက်တဲ့အတွက်ကြောင့်အပြစ်သားဖြစ်သွားတယ်..အဲ့ဒီရလဒ်ကတော့ အိုနာသေခြင်းပါပဲ အဲ့ဒီ အိုနာသေခြင်းဟာ လူကိုယ်သာမက လူရဲ့အုပ်စိုးမှုအောက်ရောက်နေတဲ့သတ္တဝါတွေအားလုံးကိုပါ ဒီအပြစ်ရဲ့ဆိုးကျိုးကိုခံစားစေခဲ့တယ်။
ဟုတ်ပါတယ်မိတ်ဆွေ အပြစ်ဟာသိပ်ကြောက်ဖို့ကောင်းပါတယ်..အဲ့ဒီအပြစ်ကြောင့်လူဟာဘုရားနဲ့ဝေးရတယ်..ဘုရားသားကနေ အပြစ်သားဖြစ်သွားတယ်..လူဟာအပြစ်လုပ်လို့ အပြစ်သားဖြစ်သွားရင်းကနေ အပြစ်သားဖြစ်လို့အပြစ်လုပ်နေတဲ့အခြေအနေရောက်သွားတယ်..ဥပမာပေးရရင် အရက်သောက်လို့အရက်သမားဖြစ်သွားရာကနေ အရက်သမားဖြစ်လို့အရက်သောက်တာပေါ့..
နောက်မှကြုံကြိုက်ရင် အပြစ်တရားအကြောင်းထပ်ရှင်းပြမယ်ဗျာ..ဆိုချင်တာကတော့ဗျာ လူလုပ်လိုက်တဲ့အပြစ်ကြောင့် တရိစ္ဆာန်တွေပါ အဲ့ဒီအကျိုးဆက်ကိုခံရတာပါ။
ဘုရားက သူဖန်ဆင်းထားတဲ့အရာတွေကိုတခုမှ အိုပါစေတော့ နာပါစေတော့ ပျက်ပါစေတော့ဆိုတဲ့ ရည်ရွှယ်ချက်တွေနဲ့ဖန်ဆင်းခဲ့တာမဟုတ်ဘူး..အရာအားလုံးကို အကောင်းဆုံးအဖြစ်ထာဝရရှိစေဖို့ဖန်ဆင်းခဲ့တာပါ လူဟာဘုရားစကားနားမထောင်လိုက်ပဲ အပြစ်ကိုဖြစ်စေမဲ့ အသီးကိုစားလိုက်လို့သာ
ကနေ့လူတွေတိရစ္ဆာန်တွေ အိုရ နာရ သေရတာပါ…
နည်းနည်းလေးဆက်ပြောခြင်တယ်..အပြစ်ဟာ ကင်ဆာရောဂါထက်ကြောက်စရာကောင်းပါတယ်။
ခြေမျက်စိနားမှာ အသားကင်ဆာဖြစ်နေတဲ့လူနာကို ဆရာက ပေါင်ရင်းကနေဖြတ်ရမယ်ပြောတော့ ကာယကံရှင်လူနာက သဘောမတူဘူး..မကျေနပ်ဘူး..ဖြစ်တာက ခြေမျက်စိနားမှာ ဖြတ်မှာက ပေါင်ရင်းလောက်ဆိုတော့ လွန်လွန်းတာပေါ့တဲ့..ဆရာဝန်ကဘာပြောလည်းဆိုတော့ ပေါင်ရင်းကဖြတ်တာတောင် ကင်ဆာအမြစ်လွှတ်မလွှတ်ဆိုတာမသေချာဘူး..အဆုတ်ထဲအမြစ်ရောက်နေရင်တော့ ပေါင်ရင်းကဖြတ်လည်းသေမှာပဲတဲ့.မိတ်ဆွေ အိမ်တအိမ်မှာလူ၁၀ ယောက်ရှိတယ်ဆိုပါစို့ လူဆယ်ယောက်လုံး မဆိုးပဲ တယောက်ပဲဆိုးမိုက်ပေတေကြည့် ကျန်တဲ့ ၉ယောက် ဒုက္ခရောက်ရတယ်..ဝမ်းနည်းရတယ်။
မိတ်ဆွေဘုရားစကားနားမထောင်ခြင်းအပြစ်ဟာ ဒီထက်ပိုကြောက်စရာကောင်းပါတယ်..ဒီထက်ပိုကြေကွဲစရာကောင်းပါတယ်..ဒီထက်ပိုပေးဆပ်ရမှာဖြစ်တယ်..ဒါကြောင့်ဘုရားသခင်က မစားပါနဲ့လို့ မေတ္တာနဲ့တားခဲ့တာပါ..ဒီမေတ္တာကို ဥပေက္ခာပြုပြီး မာနတ်စကားကိုနားထောင်လိုက်တဲ့ရလဒ်ကြောင့်
ဒီကနေ့လို ကြေကွဲစရာအဖြစ်ဆိုးမျိုးတွေလူသားတွေကြုံတွေ့နေရတာပါ.ဒါပေမဲ့ ဘုရားသခင်ဟာ
သူဖန်ဆင်းထားတဲ့လူသားတွေ တနည်းအားဖြင့်သူ့ရဲ့သားသမီးတွေကို တခါပဲအသေခံစေမယ်။ ဝိညာဉ်ကိုတော့ စာတန်လက်ကနေရွှေးနုတ်ပြီး ကယ်တင်ဖို့ပြင်ဆင်ခဲ့တယ်..အဲ့ဒီကယိတင်ခြင်းလမ်းကတော့ ယေရှုခရစ်တော်အားဖြင့်သာဖြစ်ပါတယ်.မသိသေးရင်မြည်းစမ်းကြည့်ပါလို့တိုက်တွန်းပါရစေ
ဘုရားသခင်သည်အချိန်တိုင်းမှာကောင်းမြတ်တော်မူ၏ ဟာလေလုယာ အာမင်

 

 

 

@Art by Lorette C Luzajic In the Beginning, God Created the Heavens and the Earth Painting by Lorette C Luzajic

Please follow and like us:
error

Leave a Reply

Your email address will not be published. Required fields are marked *