daily bread

ရေစီးသန်သောခရီးကြမ်းကို ဖြတ်သန်းခြင်း

Admin

, Author

ဖတ်ရန်: ဟေရှာ ၄၃း၁-၇ | သမ္မာကျမ်းစာတစ်နှစ်စာ:| ဆာ ၈၉-၉၀ |ရော ၁၄

သင်သည် ရေကို လျှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို လျှောက်သွားသောအခါ မနစ်မမွန်းရ။ (း၂)
ဖောင်လမ်းပြသူက ကျွန်ုပ်တို့ အဖွဲ့ကို မြစ်အနားသို့ လိုက်ပို့ပြီး အသက်ကယ်အင်္ကျီများကို ဝတ်ဆင်ထားရန်နှင့် လှော်တက်များကို သေချာဆုတ်ကိုင်ထားရန် ညွှန်ကြားသည်။ ကျွန်ုပ်တို့ လှေထဲသို့ ဝင်သောအခါ လှေ၏အလေးချိန်ကို ထိန်းညှိရန်နှင့် ရေစီးသန်သော နေရာများတွင် တည်ငြိမ်မှုရှိအောင် ထိုင်ရမည့်နေရာများကို သတ်မှတ်ပေးသည်။ ရေကြောင်း ခရီးရှည်တွင် ကြုံတွေ့ရမည့် ရင်ဖိုစရာများကို ဦးစားပေး ဖော်ပြပြီးနောက် ရေစီးကြမ်းသည့်ရေကြောကို ဖြတ်သန်းရာတွင် ထိရောက်စွာ ပဲ့ထိန်းနိုင်ရေး ကျွန်ုပ်တို့ လိုက်နာရန်လိုအပ်သော၊ ကြားသိရန်လိုအပ်သော ညွှန်ကြားချက်များကို အသေးစိတ်ပြောပြသည်။ လမ်းခရီး၌ ပြင်းထန်ကြမ်းတမ်းသော အခိုက်အတန့်များရှိမည် ဖြစ်သော် လည်း ကျွန်ုပ်တို့၏လှေလမ်းခရီးက စိတ်လှုပ်ရှားစရာ ကောင်းပြီး ဘေးအန္တရာယ်ကင်းမည်ဟု သူက အာမခံသည်။

တစ်ခါတစ်ရံတွင် ဘဝအသက်တာက ရေစီးသန် သည့်မြစ်၌ ဖောင်စီးသကဲ့သို့ ကျွန်ုပ်တို့ သဘောကျသည်ထက် ပို၍ပြင်းထန်သော အခြေအနေများကို ရင်ဆိုင်ခံစားရသည်။ ပရောဖက်ဟေရှာယမှတစ်ဆင့် ဣသရေလလူ တို့အား ဘုရားသခင်ပေးသည့်ကတိစကားက အဆိုးဆုံးဖြစ်သွားမည်ကို စိုးကြောက် နေသော ကျွန်ုပ်တို့၏ခံစားချက်များကို တည့်မတ်ပေးနိုင်သည်။ ‘‘သင်သည် ရေကို လျှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို လျှောက်သွားသောအခါ၊ မနစ်မမွန်းရ’’ (ဟေရှာ ၄၃း၂)။ သူတို့၏အပြစ်များကြောင့် ကျွန်ပြုဖမ်းဆီးခေါ်ဆောင်ခံရစဉ် ဘုရားသခင်၏ ငြင်းပယ်မှုကို ခံရခြင်းကြောင့် ဣသရေလလူတို့ အလွန်အမင်း ကြောက်ရွံ့မှုကို ခံစားခဲ့ရသည်။ သို့သော် သူတို့ကို ချစ်သောကြောင့် သူတို့နှင့်အတူ ရှိမည်ဟု အခိုင်အမာ ကတိပေးခဲ့သည် (း၂၊ ၄)။

ကြမ်းတမ်းသော ရေပြင်ထဲ၌ ဘုရားသခင် ကျွန်ုပ်တို့ကို ပစ်မထားပါ။ ရေစီးသန်သောနေရာ၊ ကျွန်ုပ်တို့၏အကြောက်ဆုံးအရာနှင့် အနာကျင်ဆုံး အခက်အခဲ ဒုက္ခများကို ဖြတ်သန်းရာတွင် ကိုယ်တော် ကျွန်ုပ်တို့ကို ပို့ဆောင်လမ်းပြမည်ဖြစ်ကြောင်း ယုံကြည်နိုင်သည်။ အကြောင်းမှာ ကိုယ်တော် ကျွန်ုပ်တို့ကို ချစ်ပြီး ကျွန်ုပ်တို့နှင့်အတူ ရှိမည်ဟု ကတိပေးထားသောကြောင့်ဖြစ်သည်။ KIRSTEN HOLMBERG

အဘဘုရား၊ ခက်ခဲကြမ်းတမ်းသော ရေလမ်းခရီးတစ်လျှောက်
ကျွန်ုပ်၏လမ်းပြဖြစ်ပေးသောကြောင့် ကျေးဇူးတင်ပါ၏။
လမ်းခရီးက ခက်ခဲကြမ်းတမ်း၍ ကြောက်မက်ဖွယ်ဖြစ်နေပါစေ
ကိုယ်တော်ကိုသာ ယုံကြည်ကိုးစားရန် ကူမတော်မူပါ။
ခက်ခဲချိန်များတစ်လျှောက် ကိုယ်တော် ကျွန်ုပ်တို့ကို ပဲ့ကိုင်လမ်းပြသည်။

Please follow and like us:
error

Leave a Reply

Your email address will not be published. Required fields are marked *