daily bread

အချိန်လက်ဆောင်

Admin

, Author

ဖတ်ရန်: လု ၆း၃၇-၃၈ | သမ္မာကျမ်းစာတစ်နှစ်စာ: □ ဆာ ၈၇-၈၈ □ ရော ၁၃

စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတစ်ပါးကို ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်း အကျိုးကို ခံရလိမ့်မည်။ (သု ၁၁း၂၅)
ကျွန်တော်စာတိုက်သို့ အရေးတကြီးထွက်လာခဲ့သည်။ လုပ်ဆောင်ရမည့်အရာက အမြောက်အမြားရှိနေပြီး စာတိုက်ထဲသို့ ဝင်လိုက်သောအခါ အဝင်တံခါးဝနားတိုင်အောင် တန်းစီနေသော လူအုပ်ကြီးကို မြင်လိုက်ရသဖြင့် စိတ်ညစ်သွားသည်။ ‘‘အရေးကြီး ပါတယ်ဆိုမှ စောင့်နေရတယ်’’ ဟု နာရီကို ကြည့်ပြီး ရေရွတ်မိသည်။

အသက်ကြီးကြီး လူစိမ်းတစ်ဦးက ကျွန်တော့်အနား ချဉ်းကပ်လာချိန်၌ ကျွန်တော်က တံခါးလက်ကိုင်ကို ကိုင်ထားဆဲ ဖြစ်သည်။ ‘‘ဒီမိတ္တူကူးစက်ကို ကျွန်တော် သုံးတာ အဆင်မပြေဘူး’’။ ‘‘ငွေကတော့ ဝင်သွားပြီ၊ ကျွန်တော်က ဘာကို ဘယ်လိုလုပ်ရမှန်းလဲမသိဘူး’’ ဟု ကျွန်တော်တို့အနောက်ရှိ မိတ္တူကူးစက်ကို ညွှန်ပြလျက် ပြောသည်။ ကျွန်တော့်အား ဘုရားသခင် ဘာလုပ်စေချင် သည်ကို ကျွန်တော်ချက်ချင်း သိလိုက်သည်။ တန်းစီရာမှ ထွက်လိုက်ပြီး ဆယ်မိနစ်အတွင်း ပြဿနာကို ဖြေရှင်းပေး နိုင်ခဲ့သည်။

ထိုလူကြီးမှာ ကျွန်တော့်ကို ကျေးဇူးတင်ပြီး ထွက်ခွာသွားသည်။ ပြန်လည် တန်းစီရန် ကျွန်တော်ကြည့်လိုက်ရာ လူအားလုံးရှင်းသွားပြီဖြစ်၍ ဝန်ဆောင်မှုပေးသော ကောင်တာသို့ ကျွန်တော်တန်းသွားနိုင်ခဲ့သည်။

ထို့နေ့မှ အဖြစ်အပျက်က ကျွန်တော့်အား သခင်ယေရှု၏စကားများကို သတိရစေသည်။ ‘‘သူတစ်ပါးအား ပေးကြလော့။ ပေးလျှင် သူတစ်ပါးသည် သင်တို့အား ပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်’’ (လု ၆း၃၈)။

ကျွန်တော့်၏အလျင်လိုမှုတွင် ဘုရားသခင် ကြားဝင်လာခြင်းအားဖြင့် ကျွန်တော်စောင့်ရသည့်အချိန်က တိုတောင်းသလိုဖြစ်သွားသည်။ ကျွန်တော့်အမြင်ကို အကူအညီ လိုနေသော အခြားသူများထံ လှည့်ပေးပြီး အခြားသူကို အချိန်ပေး၍ ကူညီစေခြင်းဖြင့် ဘုရားသခင် ကျွန်တော့်ကို လက်ဆောင်တစ်ခုပေးသည်။ နောက်တစ်ကြိမ် နာရီကြည့် လိုက်စဉ် ထိုသင်ခန်းစာကို ကျွန်တော်သတိရစေရန် မျှော်လင့်မိပါသည်။ JAMES BANKS

ကောင်းကင်ဘုံရှင်အဘဘုရား၊ အကျွန်ုပ်၏အချိန်နာရီ
ရှိရှိသမျှသည် ကိုယ်တော့်လက်တော်၌ရှိပြီး၊
ကိုယ်တော့်ထံမှ ရရှိသော ဆုကျေးဇူးဖြစ်ပါ၏။
ဤအရာကို မည်ကဲ့သို့ အသုံးပြုပြီး
ကိုယ်တော့်ဘုန်းတော် ထင်ရှားစေမည့်အကြောင်း ဖွင့်ပြတော်မူပါ။
ကျွန်ုပ်တို့လုပ်ဆောင်ရမည့်အလုပ်ဇယားက တစ်ခါတစ်ရံ စောင့်ဆိုင်းရန် လိုအပ်သည်။

 

Please follow and like us:
error

Leave a Reply

Your email address will not be published. Required fields are marked *