ဘုရားရှိသလား? အပိုင်း (၂)

(၂) ဘုရားတည်ရှိပါသလား? – စကြာဝဠာကြီးမှာ အစရှိခဲ့တယ် – ဘာကဖြစ်စေခဲ့သလဲ?

သိပ္ပံပညာရှင်တွေက ကျနော်တို့ စကြာဝဠာကြီးဟာ စွမ်းအင်နဲ့ အလင်းတို့ ကြီးမားစွာ ပေါက်ကွဲပြီး အစပြုလာခဲ့တယ်လို့ လက်ခံယုံကြည်ကြပါတယ်။ ဒါကို ကျနော်တို့ Big Bang (သို့) မဟာပေါက်ကွဲမှုလို့ ခေါ်ကြပါတယ်။ အဲဒါ ရှိရှိသမျှအရာခပ်သိမ်းရဲ့ တစ်ခုတည်းသောအစဖြစ်ပါတယ်။ စကြာဝဠာကြီးရဲ့အစ၊ အာကာသရဲ့အစ၊ ပြီးတော့ အချိန်ရဲ့အစလည်း ဖြစ်ပါတယ်။

မိမိကိုယ်ကို ဘုရားတရားမယုံကြည်သူလို့ခံယူတဲ့ ရူပနက္ခတ္တဗေဒပညာရှင် ရောဘတ်ဂျက်စထရိုးက “စကြာဝဠာကြီးထဲက ဖြစ်တည်သမျှ ခပ်သိမ်းရဲ့မျိုးစေ့ဟာ အဲဒီ အဦးဆုံးသောအခြင်းအရာမှာ စိုက်ပျိုးထားပြီးဖြစ်ပါတယ် – အာကာသလုံးဆိုင်ရာပေါက်ကွဲမှုကြီး ဖြစ်ပွားတာနဲ့တချိန်တည်း အရာရာဟာ ရုပ်မြင်လှုပ်ရှားလာပြီး အဲဒီရလာဒ်ကြောင့်ပဲ စကြာဝဠာထဲက ကြယ်တိုင်း၊ ဂြိုဟ်တိုင်းနဲ့ သက်ရှိတိုင်းဟာ သက်ဝင်လှုပ်ရှားလာတာ ဖြစ်ပါတယ်။ စကြာဝဠာကြီးဟာ လျှပ်တပြက် ပေါ်ထွန်းလာပြီးတော့ အဲဒါကို ဘာကဖြစ်စေတယ်ဆိုတာတော့ ကျနော်တို့ မသိရပါဘူး။”၉ လို့ ပြောခဲ့ပါတယ်။

ရူပဗေဒဆိုင်ရာနိုဘယ်လ်ဆုရှင် စတီဗင်ဝိုင်းဘတ်ဂ် ပြောတာက – အဲဒီပေါက်ကွဲမှုဖြစ်လာတာနဲ့ တပြိုင်နက် “စကြာဝဠာကြီးဟာ သန်းထောင်ပေါင်းတစ်ရာဒီဂရီစင်တီဂရိတ်လောက်ကို ချဲ့ကားထွက်သွားပြီးတော့ စကြာဝဠာတခွင်လုံး အလင်းနဲ့ပြည့်သွားပါတယ်။”၁၀ လို့ ပြောခဲ့ပါတယ်။

စကြာဝဠာကြီးဟာ အမြဲတမ်း ဒီအတိုင်း ရှိနေခဲ့တာ မဟုတ်ပါဘူး။ သူ့မှာ အစရှိပါတယ် – ဘာကဖြစ်စေတာလဲ? […]

ဘုရားရှိသလား? အပိုင်း (၁)

ဘုရားရှိသလား? အပိုင်း (၁)

ဘုရားဆိုတာရှိသလား?

ဘုရား အမှန်တကယ်ရှိတယ်ဆိုတာယုံကြည်ဖို့ ရှင်းလင်းတိကျသော အကြောင်းပြချက်များ(၆)ချက် ပြောပြပါမယ်။ — မေရီလင်းအာဒမ်ဆင်ထံမှ

ဘုရားရှိတယ်ဆိုတဲ့အထောက်အထားကို တစ်ယောက်ယောက်က တစ်ကြိမ်တစ်ခါလောက် သင့်ကိုပြတာမျိုး မလိုချင်ဘူးလား? အကျပ်ကိုင်တာမျိုး မဟုတ်ပါဘူး။ “ယုံသာယုံလိုက်ပါ” လို့လည်း မဆိုပါဘူး။ ဟုတ်ပြီ၊ ဘုရားရှိတယ်ဆိုတဲ့ အကြောင်းပြချက်တချို့ကိုသာ ဘွင်းဘွင်းရှင်းရှင်းပဲ ပြောလိုက်ပါရစေ။

ဒါပေမယ့် ဒါကိုအရင်စဉ်းစားပါ။ ဘုရားတည်ရှိခြင်းရဲ့ ဖြစ်နိုင်ခြေရှိမှုတွေနဲ့ ပတ်သက်လာရင်၊ သမ္မာကျမ်းစာထဲမှာပြောထားတာက- တချို့သောသူတွေက ခိုင်လုံတဲ့အထောက်အထားတွေ တွေ့သော်လည်းပဲ ဘုရားနဲ့ပတ်သက်တဲ့အမှန်တရားတွေကို ချိုးနှိမ်ထားကြတာပဲဖြစ်တယ်လို့ပြောပါတယ်။၁ ဒါပေမယ့် ဘုရားရှိလားသိချင်တဲ့သူတွေအတွက် ဘုရားက “ငါ့ကို ရှာသောအခါ၊ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြလိမ့်မည်။ ငါသည်လည်း သင်တို့အတွေ့ကို ခံမည်။”၂ လို့ ပြောပါတယ်။ ဘုရားရှိကြောင်းဖော်ပြချက်တွေ မကြည့်ခင်မှာ ကိုယ့်ကိုယ်ကို မေးကြည့်ပါ၊ ဘုရားတကယ်ရှိတယ်ဆိုရင် ငါ သူ့ကိုသိဖို့လိုမလား? ဆင်ခြင်တွေးတောဖို့အချက်တချို့ အောက်မှာရှိပါတယ်။

(၁) ဘုရားတည်ရှိပါသလား? – ကျနော်တို့ကမ္ဘာမြေကြီးရဲ့နက်နဲရှုပ်ထွေးမှုဟာ ကျနော်တို့စကြာဝဠာကြီးကို ဖန်ဆင်းရုံမက ဒီနေ့ထက်ထိထိန်းချုပ်နေတဲ့ ရည်ရွယ်ချက်ရှိရှိ ပုံစံပြုသူတစ်ဦးရှိနေမှန်း ညွှန်ပြနေပါတယ်။

ဘုရားရဲ့ပုံစံပြုခြင်းကိုဖော်ပြတဲ့ဥပမာတွေ အများကြီးပေးလို့ရပါတယ်၊ ကုန်မယ်တောင်မထင်ဘူး။ ဒီမှာ အနည်းငယ် ပေးပါမယ်။

ကမ္ဘာမြေကြီး – အရွယ်အစားက တကယ့်ကို ကွက်တိပါ။ ကမ္ဘာ့အရွယ်အစားနဲ့ သူနဲ့လိုက်လျောညီထွေတဲ့ ဆွဲအားက နိုက်ထရိုဂျင်နဲ့ အောက်ဆီဂျင်ဓာတ်ငွေ့တွေနဲ့ ဖွဲ့စည်းထားတဲ့၊ ကမ္ဘာမြေမျက်နှာပြင်အထက် မိုင် […]

ရေစီးသန်သောခရီးကြမ်းကို ဖြတ်သန်းခြင်း

ဖတ်ရန်: ဟေရှာ ၄၃း၁-၇ | သမ္မာကျမ်းစာတစ်နှစ်စာ:| ဆာ ၈၉-၉၀ |ရော ၁၄

သင်သည် ရေကို လျှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို လျှောက်သွားသောအခါ မနစ်မမွန်းရ။ (း၂)
ဖောင်လမ်းပြသူက ကျွန်ုပ်တို့ အဖွဲ့ကို မြစ်အနားသို့ လိုက်ပို့ပြီး အသက်ကယ်အင်္ကျီများကို ဝတ်ဆင်ထားရန်နှင့် လှော်တက်များကို သေချာဆုတ်ကိုင်ထားရန် ညွှန်ကြားသည်။ ကျွန်ုပ်တို့ လှေထဲသို့ ဝင်သောအခါ လှေ၏အလေးချိန်ကို ထိန်းညှိရန်နှင့် ရေစီးသန်သော နေရာများတွင် တည်ငြိမ်မှုရှိအောင် ထိုင်ရမည့်နေရာများကို သတ်မှတ်ပေးသည်။ ရေကြောင်း ခရီးရှည်တွင် ကြုံတွေ့ရမည့် ရင်ဖိုစရာများကို ဦးစားပေး ဖော်ပြပြီးနောက် ရေစီးကြမ်းသည့်ရေကြောကို ဖြတ်သန်းရာတွင် ထိရောက်စွာ ပဲ့ထိန်းနိုင်ရေး ကျွန်ုပ်တို့ လိုက်နာရန်လိုအပ်သော၊ ကြားသိရန်လိုအပ်သော ညွှန်ကြားချက်များကို အသေးစိတ်ပြောပြသည်။ လမ်းခရီး၌ ပြင်းထန်ကြမ်းတမ်းသော အခိုက်အတန့်များရှိမည် ဖြစ်သော် လည်း ကျွန်ုပ်တို့၏လှေလမ်းခရီးက စိတ်လှုပ်ရှားစရာ ကောင်းပြီး ဘေးအန္တရာယ်ကင်းမည်ဟု သူက အာမခံသည်။

တစ်ခါတစ်ရံတွင် ဘဝအသက်တာက ရေစီးသန် သည့်မြစ်၌ ဖောင်စီးသကဲ့သို့ ကျွန်ုပ်တို့ သဘောကျသည်ထက် ပို၍ပြင်းထန်သော အခြေအနေများကို ရင်ဆိုင်ခံစားရသည်။ ပရောဖက်ဟေရှာယမှတစ်ဆင့် ဣသရေလလူ တို့အား ဘုရားသခင်ပေးသည့်ကတိစကားက အဆိုးဆုံးဖြစ်သွားမည်ကို စိုးကြောက် နေသော ကျွန်ုပ်တို့၏ခံစားချက်များကို တည့်မတ်ပေးနိုင်သည်။ […]

အချိန်လက်ဆောင်

ဖတ်ရန်: လု ၆း၃၇-၃၈ | သမ္မာကျမ်းစာတစ်နှစ်စာ: □ ဆာ ၈၇-၈၈ □ ရော ၁၃

စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတစ်ပါးကို ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်း အကျိုးကို ခံရလိမ့်မည်။ (သု ၁၁း၂၅)
ကျွန်တော်စာတိုက်သို့ အရေးတကြီးထွက်လာခဲ့သည်။ လုပ်ဆောင်ရမည့်အရာက အမြောက်အမြားရှိနေပြီး စာတိုက်ထဲသို့ ဝင်လိုက်သောအခါ အဝင်တံခါးဝနားတိုင်အောင် တန်းစီနေသော လူအုပ်ကြီးကို မြင်လိုက်ရသဖြင့် စိတ်ညစ်သွားသည်။ ‘‘အရေးကြီး ပါတယ်ဆိုမှ စောင့်နေရတယ်’’ ဟု နာရီကို ကြည့်ပြီး ရေရွတ်မိသည်။

အသက်ကြီးကြီး လူစိမ်းတစ်ဦးက ကျွန်တော့်အနား ချဉ်းကပ်လာချိန်၌ ကျွန်တော်က တံခါးလက်ကိုင်ကို ကိုင်ထားဆဲ ဖြစ်သည်။ ‘‘ဒီမိတ္တူကူးစက်ကို ကျွန်တော် သုံးတာ အဆင်မပြေဘူး’’။ ‘‘ငွေကတော့ ဝင်သွားပြီ၊ ကျွန်တော်က ဘာကို ဘယ်လိုလုပ်ရမှန်းလဲမသိဘူး’’ ဟု ကျွန်တော်တို့အနောက်ရှိ မိတ္တူကူးစက်ကို ညွှန်ပြလျက် ပြောသည်။ ကျွန်တော့်အား ဘုရားသခင် ဘာလုပ်စေချင် သည်ကို ကျွန်တော်ချက်ချင်း သိလိုက်သည်။ တန်းစီရာမှ ထွက်လိုက်ပြီး ဆယ်မိနစ်အတွင်း ပြဿနာကို ဖြေရှင်းပေး နိုင်ခဲ့သည်။

ထိုလူကြီးမှာ ကျွန်တော့်ကို ကျေးဇူးတင်ပြီး ထွက်ခွာသွားသည်။ ပြန်လည် တန်းစီရန် ကျွန်တော်ကြည့်လိုက်ရာ လူအားလုံးရှင်းသွားပြီဖြစ်၍ ဝန်ဆောင်မှုပေးသော ကောင်တာသို့ ကျွန်တော်တန်းသွားနိုင်ခဲ့သည်။

ထို့နေ့မှ အဖြစ်အပျက်က […]

ဘုရားသခင်သည် မည်သို့သောဘုရားနည်း

ဖတ်ရန်: ဟေဗြဲ ၁း၁-၁၀ | သမ္မာကျမ်းစာတစ်နှစ်စာ: □ ယောဘ ၂၀-၂၁ □ တ ၁၀း၂၄-၄၈
ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်ဖြစ်၍…။ (း၃)
အထူးအစီအစဉ်တစ်ခုကို ဆင်နွဲရန် ကျွန်မခင်ပွန်းသည်က ကျွန်မကို ဒေသတွင်းရှိ ပန်းချီပြခန်းသို့ ခေါ်သွားပြီး လက်ဆောင်အဖြစ် ပန်းချီကားတစ်ချပ်ရွေးရန် ပြောသည်။ သို့နှင့် တောအုပ်ကို ဖြတ်သန်းစီးဆင်းနေသည့် စမ်းချောင်းပုံပန်းချီကားကို ကျွန်မ ရွေးလိုက်သည်။ ရေမျက်နှာပြင်က နေရာယူထားသောကြောင့် ပန်းချီကားထဲ၌ ကောင်းကင်ကို မမြင်ရပေ။ သို့သော် စမ်းချောင်းလေးက သစ်ပင်ထိပ်ဖျားနှင့် မှုန်ရီမှိုင်းပျနေသော ပတ်ဝန်းကျင်ကို အလင်းပြန် ထင်ဟပ်ဖော်ပြနေသည်။ ကောင်းကင်ကို မြင်လိုပါက ကြည့်နိုင်သည့်နည်းမှာ ရေမျက်နှာပြင်ကို ကြည့်ရုံပင် ဖြစ်သည်။

ဝိညာဉ်ရေးရာသဘောတရားအရ သခင်ယေရှုသည်ထိုစမ်းချောင်းလေးကဲ့သို့ပင် ဖြစ်ပါသည်။ ဘုရားသခင် မည်သူဖြစ်ကြောင်း ကျွန်ုပ်တို့သိလိုသောအခါ သခင်ယေရှုကို ကျွန်ုပ်တို့ ကြည့်ရပါသည်။ ဟေဗြဲဩဝါဒစာ ရေးသူက ထိုသခင်သည် ‘‘ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ပုံသဏ္ဌာန်ဖြစ်’’ ကြောင်း ဖော်ပြထားသည် (၁း၃)။ ‘‘ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏’’ စသည့်ကျမ်းစာမှ တိုက်ရိုက် ဖော်ပြမှုအားဖြင့် ဘုရားသခင်အကြောင်း ကျွန်ုပ်တို့ သင်ယူနိုင်ပါသည်။ သို့သော် ဤ ကမ္ဘာမြေပေါ်တွင် မိမိတွေ့ကြုံနေရသောအရာများကို ဘုရားသခင်မည်သို့ တုံ့ပြန်မည်ကို […]

ယေရှုသည် ဘုရားလော (သို့) သားတော်လော။ (Is Jesus God or the Son?)

နိဒါန်း
ယနေ့တွင် ခရစ်ယာန်တို့အား အမေးမြန်းခံရဆုံးမေးခွန်များထဲတွင် “ယေရှုသည် ဘုရားလား၊သား တော်လား” ဆိုသည့်မေးခွန်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ခရစ်ယာန်များ အနေဖြင့် ဖြေရှင်းမည်ဆိုပါက ရုတ်တရက် ဖြေရန်မလွယ်ကူပါ။ အဘယ့်ကြောင့်ဆိုသော် ယေရှုသည် ဘုရားလည်းဖြစ်သား လည်းဖြစ်သည်။ ဤမေးခွန်းကိုဖြေရန်မှာ သမ္မာကျမ်းစာ၏ဆိုလိုရင်းကိုကောင်းစွာ နားလည်သဘောပေါက်ရန်လို သည်။ သမ္မာ ကျမ်းစာတွင် ယေရှုသည်ဘုရားအဖြစ်သော်လည်းကောင်း၊သားအဖြစ်သော်လည်းကောင်း၊ လူသား အဖြစ်သော် လည်းကောင်း၊ရှင်ဘုရင် အဖြစ်သော်လည်းကောင်း ကြိမ်ဖန်များစွာဖော်ပြထားသည်။

ခရစ်တော်၏ သရုပ်အမှန်ကိုနားမလည်သူများအဖို့ ရှုပ်ထွေးစရာကောင်းသည်မှာ အမှန်ပင်ဖြစ်သည်။ ယနေ့ခေတ်ခရစ်ယာန်အတော်များများမှလည်း ဤအချက်ကိုကောင်းစွာ သဘောမပေါက်ကြပေ။ သမ္မာကျမ်းစာ တွင် ဘုရားနှင့်ဆိုင်သော သားဖြစ်ခြင်း (Divine Sonship) သည် လူသားတို့၏ သဘောသဘာဝကဲ့သို့မှတ်ယူ၍ မရနိုင်သည်ကို သတိပြုဖို့လိုအပ်ပါသည်။ဘုရားသခင်မှ ယေရှုအား “သား” ဟုသုံးနှုံးထားခြင်းသည် သုံးနှုံးသည့် စကားထက်ပို၍လေးနက်ကြောင်းကို ဦးစွာ သဘောပေါက်ရန်လိုအပ်သည်။သားဟုဆိုရာ၌ လူတို့နားလည်နိုင် သည့် လူ့ဘာသာစကား (Anthropomorphic Term) ကိုအသုံးပြုကြောင်းနားလည်ရသည်။ထို့ကြောင့် ရှုထောင့်အမျိုးမျိုးမှ တင်ပြချက်များအားလက်လှမ်းမှီသလောက် တင်ပြရန် စိုင်းပြင်းခဲ့ပါသည်။

ယေရှုသည် ဘုရားသခင်၏သားတော် (Jesus the Son of God)
သမ္မာကျမ်းစာတွင် ကြိမ်ဖန်များစွာ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဓမ္မသစ်ကျမ်းတွင် ဤစကားစုသည် ၄၄ ကြိမ်ခန့်တွေ့ရသည်။ ယေရှုကိုယ်တိုင် မိမိသည်ခမည်း […]

တိုက်ခိုက်ခံနေရသော ခရစ်ယာန်ယုံကြည်မှု The Christian Faith Under Attack

ဖန်ဆင်းရှင် ကိုးကွယ်သူများ အားမေးခွန်းထုတ်ရာ တွင် အမေးခံဆုံးမေးခွန်းမှာ “ဖန်ဆင်းရှင်က အများကြီးလား။ ဒါမှမဟုတ် တစ်ယောက်ထဲလား” ဆိုသည့်မေးခွန်းပင်ဖြစ်သည်။ ခရစ်ယာန်များအနေ နှင့် လည်းဤမေးခွန်းကို “မတူဘူး” ဟုဖြေရုံ ကလွဲ၍ မည်ကဲ့သို့ မတူကြောင်းကိုမူ မပြောတတ်ကြတော့ပေ။ အမှန်စင်စစ် ဤမေးခွန်းမှာအလွန်ပင်ရိုးရှင်းသည်။ ခရစ်ယာန်များ ကိုးကွယ်နေသော ဘုရား မှာ #သမ္မာကျမ်းကပြောသောဘုရာ (God of the Bible) ဖြစ်သည်။
ခေတ်သစ်သိပ္ပံပညာ ထွန်းကားလာသည်နှင့်အမျှ ခရစ်ယာန်ယုံကြည်ချက်သည် အတိုက်ခိုက်ခံရဆုံး ဘာသာရေးယုံကြည်ချက်ဖြစ်လာသည်။သို့ရာတွင် ကျိုးကြောင်းညီညွတ်သော ယုံကြည်ချက် (Rational Faith) အဖြစ် ဆက်လက်ရှင်သန်ရပ်တည်လျက်ရှိသည်။
မကြာသေးခင်ကဘာသာမဲ့ သိပ္ပပညာရှင်များဖြစ်သော Richard Dawkins ရဲ့ The God Delusion၊ Sam Harris ၏ The End of Faith: Religion, Terror, and the Future of Reason၊ Christopher Hitchens ၏ God is not Great: How Religions Poisons Everything စသည့် စာအုပ်များသည် လူအများ၏ဟစိတ်ဝင်စားခြင်းကို ခံရလျက်ရှိကာ ဘာသာတရားနှင့်ခရစ်ယာန်ယုံကြည်ချက်များအား ထင်ယောင်ထင်မှားဖြစ်စေခဲ့သည်။
ထို့ကြောင့် မရှေးမနှောင်းမှာပင် […]

Apologetic ဆိုတာ ဘာလဲ

Apologetic ဆိုတာ ဘာလဲ
Greek ဂရိစကားမှ ဆင်းသက်ခြင်း
Apologetic ဆိုသည်မှာ ဂရိ စကားလုံး (apologia) မှ ဆင်းသက်ခြင်းဖြစ်သည်။ သဘောတရားအားဖြင့်၊ ကိစ္စရပ် တစ်ခုခု အတွက် အဖြေစကား ပေးခြင်း၊ ခုခံ ချေပခြင်း၊ သက်သသောဓက ပြခြင်း ဟု ဆိုလိုသည်။

တရားခွင် စကားလုံးဖြစ်ခြင်း
ရှေးယခင်၊ အေသင် တရားခွင်၊ တရားရုံးများတွင် မည်သည့် ချေပခြင်း ဆိုင်ရာအတွက်ကို၊ မည်သည့် စွပ်စွဲချက်ကို မဆို ပြန်လည် ချေပ ရန် အတွက် တရားပြိုင် သို့မဟုတ် ခုခံ ချေပသူကို ကို ခွင့်ပြုထားသည်။ ဤကဲ့သို့သော အနေအထားမျိုးတွင် (defendant) တရားပြိုင်၏ မည်သည့် အဆိုပြုချက်ကိုမဆို Apologetic ပြုခြင်းဟု ဆိုနိုင်သည်။ သို့ရာတွင် Apologetic သည် ခရစ်ယာန် သို့မဟုတ် ယုံကြည်ခြင်း ဆိုင်ရာ အတွက် အသုံးပြုလေ့ရှိသည်။ တရားခွင်တို့အတွက် သုံးနှုန်းသော စကားလုံးမှာ (apologia) ဖြစ်သည်။ [1]

Apologia နှင့်ပတ်သက်ပြီး အကောင်းဆုံး ဥပမာတစ်ခုမှာ ဆိုကရေးတီးမှ ထူးဆန်းသောနတ် ဘုရား များအကြောင်း တရားဟောပြောခြင်းအတွက် တရားစွဲဆိုခံခဲ့ရသည်။ သူလည်း ခုခံချေပ ခွင့်ရခဲ့သည်။ ယင်း […]

တိရိစ္ဆာန်တွေ ကျတော့ရော ဘာလို့ အို နာ သေရတာလဲ

လူတွေက ဘုရားစကားနားမထောင်လို့ အပြစ်သားဖြစ်လာတယ် အပြစ်သားဖြစ်တော့ အိုရတယ်..နာရတယ်..သေရတယ် ဆိုတဲ့အကြောင်းကိုတော့ ဆရာရှင်းပြလို့ နားလည်ပါပြီ.. နားမလည်တာက တိရိစ္ဆာန်တွေ ကျတော့ရော ဘာလို့ အိုရတာလည်း နာရတာလည်း သေရတာလည်း.. သူတို့ကလူတွေလို ဘုရားစကားကို နားမထောင်ကြတာမှ မဟုတ်တာတဲ့….ကောင်းလိုက်တဲ့မေးခွန်းဗျာ.. ဒီလိုမေးခွန်းမျိုးမှ အဆင့်ရှိတယ်လို့ခေါ်တာ ဒါတောင် ဆန်းဒေးစကူလ်း ကလေးမေးတာနော်… တချို့လူကြီးတွေက အဖြေမသိတာမပြောနဲ့ မေးခွန်းမေးတာတောင်မှ ဖြောင့်ဖြောင့်မမေးတတ်ကြဘူး..သေချာဖြေပေးတော့လည်း အဖြေကိုလက်မခံပဲ ပတ်ရမ်းနေပြန်ရော….
ကဲခါတိုင်းလိုပါပဲ … အမေးရှိရင် အဖြေရှိရပါမယ်. ဒါပေမဲ့ ညာဏ်မှီဖို့လိုမယ်.. ခံယူတတ်ဖို့လိုမယ်.. ဆင်ခြင်တတ်ဖို့လိုမယ်.. ဒီလိုပြောလို့ ငါပြောသမျှခေါင်းငြိမ့် ဆိုတဲ့ပုံစံမျိုးမဟုတ်ဘူး.အကျိုးအကြောင်းကို ရှင်းပြတဲ့အခါ ငါလိုချင်တဲ့အဖြေမဟုတ်လို့ လက်မခံဘူးကွာ မဖြစ်နိုင်ဘူးကွာဆိုပြီး အကျိုးမဲ့အကြောင်းမဲ့
ငြင်းတယ်ကွာလို့ တဖက်ပိတ်အတွေးနဲ့မငြင်းနဲ့ ငြင်းမယ်ဆိုရင် အကျိုးသင့်အကြောင်းသင့်ပြန်ငြင်းပေါ့..ဒါမှ တရားမျှမယ်လေ..
မှန်ပါတယ်..ကျမ်းစာထဲမှာလူတွေဘာကြောင့်အိုနာသေရသလည်းဆိုတာပဲပါပြီး တိရစ္ဆာန်တွေက ဘာကြောင့်အိုရသလည်း နာရသလည်းဆိုတာမပါခဲ့ဘူး…ဘာကြောင့်လည်း..ဘာကြောင့်လည်း.
ဘုရားသခင်က အရာအားလုံးကိုဖန်ဆင်းပြီးနောက် ၆ ရက်မြောက်နေ့မှာ ဒီလို သုံးသပ်ပြီးအလွန်ကျေနပ် အားရခဲ့ပါတယ်။
ကမ႓ာဦးကျမ်း ၁:၃၁ ဘုရားသခင် သည် မိမိဖန်ဆင်းသမျှသော အရာတို့ကို ကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကို မြင်တော်မူ၍ ၊ ညဦးနှင့်နံနက် သည် ဆဌမနေ့ရက်ဖြစ်လေ၏။
ဘုရားသခင်ဖန်ဆင်းတော်မူစက အရာအားလုံးဟာအလွန်ကောင်းတဲ့အနေအထားမှာရှိပါတယ်..ရာသီဥတုလည်းကောင်းတယ်..ကမ႓ာမြေကြီးလည်းကောင်းတယ်.လူမဆိုသေးနဲသက်ရှိသက်မဲ့သတ္တဝါအားလုံးက အစကောင်းခြင်းအဖြာဖြာနဲ့ပြည့်စုံတယ်..တိရိစ္ဆာန်အချင်းချင်းလည်း ကိုက်ဖြတ်သတ်စားခြင်းမလိုသလို လူကလည်းတိရစ္ဆာန်တွေကို သတ်စားစရာမလိုအောင်ကောင်းခြင်းအဖြာဖြာနဲ့ပြည့်နေမှာသေချာပါတယ်..နာကျင်ခြင်းမရှိ ညီးတွားခြင်းမရှိ အိုခြင်းမရှိ သေခြင်းမရှိတဲ့ ကောင်းခြင်းတွေပါ။အဲ့ဒီကာလမှာ လူအပါအဝင်အားလုံးသောသက်ရှိသတ္တဝါအားလုံးဟာ […]

ဖန်ဆင်းခြင်း

ဖန်ဆင်းခြင်း ေန ့ရက်များ
ဖန်ဆင်းရှင်သည် ဤကမ္ဘာကို (၆)ရက် ဖန်ဆင်း တစ်ရက် နားခဲ့ပါက အနန္တစကြဝဠာကို ရက်ကု ေဋ ခုနှစ်သန်း တစ်သိန်း ဖန်ဆင်း ရလိမ့်မည် ဟုတ်ပါသလား။ သိပ္ပံသည်သာအမှန်ဆိုလိုဟန်ရှိသည်။ သို့သော် သိပ္ပံသည်ကား ယ ေန ့ ထက်တိုင် “ဤအရာကား ထာဝရ အမှန်တရား” ဟု သိပ္ပံပညာရှင် များကိုယ် တိုင်မှပင်လျှင် မကြွေးကြော်ထားပါ။ ယ ေန ့တွေ့ရှိ ေသာ အမှန်တရားသည်၊ ေနာင်တစ်ခုပေါ်လာေသာအခါတွင် ထိုအသစ်ကိုသာ ကိုင်ဆွဲလျှက် ကျင့်သုံး ကြပါသည်။ ထို့ကြောင့် သိပ္ပံပညာရှင်တို့၏ နှစ်ပေါင်း သန်းပေါင်း ေလး ေထာင့်ငါးရာ အထက်မှာရှိ သည်ဟုသုတေသနပြုပြီးရှာဖွေတွေ့ရှိခဲ့သည်ဆိုေသာလည်း၊
လုံးဝ(လုံးဝ)ဆိုကာမျှဖြင့် ကျမ်းစာ အမှားဟု သတ်မှတ်ရန်မရှိနိုင်။ အကြောင်းမှာဘုရားသခင့် ဘုန်းတော်၊ တန်ခိုး တော်နှင့်အကြံအစည်တော်များကို ကနဦး လူသားအာဒံကို ဖန်ဆင်းရာ၌ တွေ့နိုင်ပါသည်။ ဘုရားသခင်သည် လူသားအားလုံးကို ဖန်ဆင်းချိန်တွင်ဩပပါတိ ကအသွင်ဖြင့် အရွယ် ေရာက်ပြီးသား ဖန်ဆင်းခဲ့သည်ကို မ ေမ့အပ်။
အ ကြောင်းမှာ အာဒံလူဖြစ်လာသည်နှင့် အရွယ် ေရာက်ပြီးအဖြစ်ကို ဘုရားသခင် ဖန်ဆင်း ေပးခဲ့သည်။ ထိုမျှ […]