ဘုရားရှိသလား? အပိုင်း (၂)

(၂) ဘုရားတည်ရှိပါသလား? – စကြာဝဠာကြီးမှာ အစရှိခဲ့တယ် – ဘာကဖြစ်စေခဲ့သလဲ?

သိပ္ပံပညာရှင်တွေက ကျနော်တို့ စကြာဝဠာကြီးဟာ စွမ်းအင်နဲ့ အလင်းတို့ ကြီးမားစွာ ပေါက်ကွဲပြီး အစပြုလာခဲ့တယ်လို့ လက်ခံယုံကြည်ကြပါတယ်။ ဒါကို ကျနော်တို့ Big Bang (သို့) မဟာပေါက်ကွဲမှုလို့ ခေါ်ကြပါတယ်။ အဲဒါ ရှိရှိသမျှအရာခပ်သိမ်းရဲ့ တစ်ခုတည်းသောအစဖြစ်ပါတယ်။ စကြာဝဠာကြီးရဲ့အစ၊ အာကာသရဲ့အစ၊ ပြီးတော့ အချိန်ရဲ့အစလည်း ဖြစ်ပါတယ်။

မိမိကိုယ်ကို ဘုရားတရားမယုံကြည်သူလို့ခံယူတဲ့ ရူပနက္ခတ္တဗေဒပညာရှင် ရောဘတ်ဂျက်စထရိုးက “စကြာဝဠာကြီးထဲက ဖြစ်တည်သမျှ ခပ်သိမ်းရဲ့မျိုးစေ့ဟာ အဲဒီ အဦးဆုံးသောအခြင်းအရာမှာ စိုက်ပျိုးထားပြီးဖြစ်ပါတယ် – အာကာသလုံးဆိုင်ရာပေါက်ကွဲမှုကြီး ဖြစ်ပွားတာနဲ့တချိန်တည်း အရာရာဟာ ရုပ်မြင်လှုပ်ရှားလာပြီး အဲဒီရလာဒ်ကြောင့်ပဲ စကြာဝဠာထဲက ကြယ်တိုင်း၊ ဂြိုဟ်တိုင်းနဲ့ သက်ရှိတိုင်းဟာ သက်ဝင်လှုပ်ရှားလာတာ ဖြစ်ပါတယ်။ စကြာဝဠာကြီးဟာ လျှပ်တပြက် ပေါ်ထွန်းလာပြီးတော့ အဲဒါကို ဘာကဖြစ်စေတယ်ဆိုတာတော့ ကျနော်တို့ မသိရပါဘူး။”၉ လို့ ပြောခဲ့ပါတယ်။

ရူပဗေဒဆိုင်ရာနိုဘယ်လ်ဆုရှင် စတီဗင်ဝိုင်းဘတ်ဂ် ပြောတာက – အဲဒီပေါက်ကွဲမှုဖြစ်လာတာနဲ့ တပြိုင်နက် “စကြာဝဠာကြီးဟာ သန်းထောင်ပေါင်းတစ်ရာဒီဂရီစင်တီဂရိတ်လောက်ကို ချဲ့ကားထွက်သွားပြီးတော့ စကြာဝဠာတခွင်လုံး အလင်းနဲ့ပြည့်သွားပါတယ်။”၁၀ လို့ ပြောခဲ့ပါတယ်။

စကြာဝဠာကြီးဟာ အမြဲတမ်း ဒီအတိုင်း ရှိနေခဲ့တာ မဟုတ်ပါဘူး။ သူ့မှာ အစရှိပါတယ် – ဘာကဖြစ်စေတာလဲ? […]

ဘုရားရှိသလား? အပိုင်း (၁)

ဘုရားရှိသလား? အပိုင်း (၁)

ဘုရားဆိုတာရှိသလား?

ဘုရား အမှန်တကယ်ရှိတယ်ဆိုတာယုံကြည်ဖို့ ရှင်းလင်းတိကျသော အကြောင်းပြချက်များ(၆)ချက် ပြောပြပါမယ်။ — မေရီလင်းအာဒမ်ဆင်ထံမှ

ဘုရားရှိတယ်ဆိုတဲ့အထောက်အထားကို တစ်ယောက်ယောက်က တစ်ကြိမ်တစ်ခါလောက် သင့်ကိုပြတာမျိုး မလိုချင်ဘူးလား? အကျပ်ကိုင်တာမျိုး မဟုတ်ပါဘူး။ “ယုံသာယုံလိုက်ပါ” လို့လည်း မဆိုပါဘူး။ ဟုတ်ပြီ၊ ဘုရားရှိတယ်ဆိုတဲ့ အကြောင်းပြချက်တချို့ကိုသာ ဘွင်းဘွင်းရှင်းရှင်းပဲ ပြောလိုက်ပါရစေ။

ဒါပေမယ့် ဒါကိုအရင်စဉ်းစားပါ။ ဘုရားတည်ရှိခြင်းရဲ့ ဖြစ်နိုင်ခြေရှိမှုတွေနဲ့ ပတ်သက်လာရင်၊ သမ္မာကျမ်းစာထဲမှာပြောထားတာက- တချို့သောသူတွေက ခိုင်လုံတဲ့အထောက်အထားတွေ တွေ့သော်လည်းပဲ ဘုရားနဲ့ပတ်သက်တဲ့အမှန်တရားတွေကို ချိုးနှိမ်ထားကြတာပဲဖြစ်တယ်လို့ပြောပါတယ်။၁ ဒါပေမယ့် ဘုရားရှိလားသိချင်တဲ့သူတွေအတွက် ဘုရားက “ငါ့ကို ရှာသောအခါ၊ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြလိမ့်မည်။ ငါသည်လည်း သင်တို့အတွေ့ကို ခံမည်။”၂ လို့ ပြောပါတယ်။ ဘုရားရှိကြောင်းဖော်ပြချက်တွေ မကြည့်ခင်မှာ ကိုယ့်ကိုယ်ကို မေးကြည့်ပါ၊ ဘုရားတကယ်ရှိတယ်ဆိုရင် ငါ သူ့ကိုသိဖို့လိုမလား? ဆင်ခြင်တွေးတောဖို့အချက်တချို့ အောက်မှာရှိပါတယ်။

(၁) ဘုရားတည်ရှိပါသလား? – ကျနော်တို့ကမ္ဘာမြေကြီးရဲ့နက်နဲရှုပ်ထွေးမှုဟာ ကျနော်တို့စကြာဝဠာကြီးကို ဖန်ဆင်းရုံမက ဒီနေ့ထက်ထိထိန်းချုပ်နေတဲ့ ရည်ရွယ်ချက်ရှိရှိ ပုံစံပြုသူတစ်ဦးရှိနေမှန်း ညွှန်ပြနေပါတယ်။

ဘုရားရဲ့ပုံစံပြုခြင်းကိုဖော်ပြတဲ့ဥပမာတွေ အများကြီးပေးလို့ရပါတယ်၊ ကုန်မယ်တောင်မထင်ဘူး။ ဒီမှာ အနည်းငယ် ပေးပါမယ်။

ကမ္ဘာမြေကြီး – အရွယ်အစားက တကယ့်ကို ကွက်တိပါ။ ကမ္ဘာ့အရွယ်အစားနဲ့ သူနဲ့လိုက်လျောညီထွေတဲ့ ဆွဲအားက နိုက်ထရိုဂျင်နဲ့ အောက်ဆီဂျင်ဓာတ်ငွေ့တွေနဲ့ ဖွဲ့စည်းထားတဲ့၊ ကမ္ဘာမြေမျက်နှာပြင်အထက် မိုင် […]

ယေရှုသည် ဘုရားလော (သို့) သားတော်လော။ (Is Jesus God or the Son?)

နိဒါန်း ယနေ့တွင် ခရစ်ယာန်တို့အား အမေးမြန်းခံရဆုံးမေးခွန်များထဲတွင် “ယေရှုသည် ဘုရားလား၊သား တော်လား” ဆိုသည့်မေးခွန်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ခရစ်ယာန်များ အနေဖြင့် ဖြေရှင်းမည်ဆိုပါက ရုတ်တရက် ဖြေရန်မလွယ်ကူပါ။ အဘယ့်ကြောင့်ဆိုသော် ယေရှုသည် ဘုရားလည်းဖြစ်သား လည်းဖြစ်သည်။ ဤမေးခွန်းကိုဖြေရန်မှာ သမ္မာကျမ်းစာ၏ဆိုလိုရင်းကိုကောင်းစွာ နားလည်သဘောပေါက်ရန်လို သည်။ သမ္မာ ကျမ်းစာတွင် ယေရှုသည်ဘုရားအဖြစ်သော်လည်းကောင်း၊သားအဖြစ်သော်လည်းကောင်း၊…

တိုက်ခိုက်ခံနေရသော ခရစ်ယာန်ယုံကြည်မှု The Christian Faith Under Attack

ဖန်ဆင်းရှင် ကိုးကွယ်သူများ အားမေးခွန်းထုတ်ရာ တွင် အမေးခံဆုံးမေးခွန်းမှာ “ဖန်ဆင်းရှင်က အများကြီးလား။ ဒါမှမဟုတ် တစ်ယောက်ထဲလား” ဆိုသည့်မေးခွန်းပင်ဖြစ်သည်။ ခရစ်ယာန်များအနေ နှင့် လည်းဤမေးခွန်းကို “မတူဘူး” ဟုဖြေရုံ ကလွဲ၍ မည်ကဲ့သို့ မတူကြောင်းကိုမူ မပြောတတ်ကြတော့ပေ။ အမှန်စင်စစ် ဤမေးခွန်းမှာအလွန်ပင်ရိုးရှင်းသည်။ ခရစ်ယာန်များ ကိုးကွယ်နေသော ဘုရား မှာ #သမ္မာကျမ်းကပြောသောဘုရာ (God of the Bible) ဖြစ်သည်။
ခေတ်သစ်သိပ္ပံပညာ ထွန်းကားလာသည်နှင့်အမျှ ခရစ်ယာန်ယုံကြည်ချက်သည် အတိုက်ခိုက်ခံရဆုံး ဘာသာရေးယုံကြည်ချက်ဖြစ်လာသည်။သို့ရာတွင် ကျိုးကြောင်းညီညွတ်သော ယုံကြည်ချက် (Rational Faith) အဖြစ် ဆက်လက်ရှင်သန်ရပ်တည်လျက်ရှိသည်။
မကြာသေးခင်ကဘာသာမဲ့ သိပ္ပပညာရှင်များဖြစ်သော Richard Dawkins ရဲ့ The God Delusion၊ Sam Harris ၏ The End of Faith: Religion, Terror, and the Future of Reason၊ Christopher Hitchens ၏ God is not Great: How Religions Poisons Everything စသည့် စာအုပ်များသည် လူအများ၏ဟစိတ်ဝင်စားခြင်းကို ခံရလျက်ရှိကာ ဘာသာတရားနှင့်ခရစ်ယာန်ယုံကြည်ချက်များအား ထင်ယောင်ထင်မှားဖြစ်စေခဲ့သည်။
ထို့ကြောင့် မရှေးမနှောင်းမှာပင် […]

Apologetic ဆိုတာ ဘာလဲ

Apologetic ဆိုတာ ဘာလဲ
Greek ဂရိစကားမှ ဆင်းသက်ခြင်း
Apologetic ဆိုသည်မှာ ဂရိ စကားလုံး (apologia) မှ ဆင်းသက်ခြင်းဖြစ်သည်။ သဘောတရားအားဖြင့်၊ ကိစ္စရပ် တစ်ခုခု အတွက် အဖြေစကား ပေးခြင်း၊ ခုခံ ချေပခြင်း၊ သက်သသောဓက ပြခြင်း ဟု ဆိုလိုသည်။

တရားခွင် စကားလုံးဖြစ်ခြင်း
ရှေးယခင်၊ အေသင် တရားခွင်၊ တရားရုံးများတွင် မည်သည့် ချေပခြင်း ဆိုင်ရာအတွက်ကို၊ မည်သည့် စွပ်စွဲချက်ကို မဆို ပြန်လည် ချေပ ရန် အတွက် တရားပြိုင် သို့မဟုတ် ခုခံ ချေပသူကို ကို ခွင့်ပြုထားသည်။ ဤကဲ့သို့သော အနေအထားမျိုးတွင် (defendant) တရားပြိုင်၏ မည်သည့် အဆိုပြုချက်ကိုမဆို Apologetic ပြုခြင်းဟု ဆိုနိုင်သည်။ သို့ရာတွင် Apologetic သည် ခရစ်ယာန် သို့မဟုတ် ယုံကြည်ခြင်း ဆိုင်ရာ အတွက် အသုံးပြုလေ့ရှိသည်။ တရားခွင်တို့အတွက် သုံးနှုန်းသော စကားလုံးမှာ (apologia) ဖြစ်သည်။ [1]

Apologia နှင့်ပတ်သက်ပြီး အကောင်းဆုံး ဥပမာတစ်ခုမှာ ဆိုကရေးတီးမှ ထူးဆန်းသောနတ် ဘုရား များအကြောင်း တရားဟောပြောခြင်းအတွက် တရားစွဲဆိုခံခဲ့ရသည်။ သူလည်း ခုခံချေပ ခွင့်ရခဲ့သည်။ ယင်း […]