Apologetic

တိုက်ခိုက်ခံနေရသော ခရစ်ယာန်ယုံကြည်မှု The Christian Faith Under Attack

Admin

, Author

ဖန်ဆင်းရှင် ကိုးကွယ်သူများ အားမေးခွန်းထုတ်ရာ တွင် အမေးခံဆုံးမေးခွန်းမှာ “ဖန်ဆင်းရှင်က အများကြီးလား။ ဒါမှမဟုတ် တစ်ယောက်ထဲလား” ဆိုသည့်မေးခွန်းပင်ဖြစ်သည်။ ခရစ်ယာန်များအနေ နှင့် လည်းဤမေးခွန်းကို “မတူဘူး” ဟုဖြေရုံ ကလွဲ၍ မည်ကဲ့သို့ မတူကြောင်းကိုမူ မပြောတတ်ကြတော့ပေ။ အမှန်စင်စစ် ဤမေးခွန်းမှာအလွန်ပင်ရိုးရှင်းသည်။ ခရစ်ယာန်များ ကိုးကွယ်နေသော ဘုရား မှာ #သမ္မာကျမ်းကပြောသောဘုရာ (God of the Bible) ဖြစ်သည်။
ခေတ်သစ်သိပ္ပံပညာ ထွန်းကားလာသည်နှင့်အမျှ ခရစ်ယာန်ယုံကြည်ချက်သည် အတိုက်ခိုက်ခံရဆုံး ဘာသာရေးယုံကြည်ချက်ဖြစ်လာသည်။သို့ရာတွင် ကျိုးကြောင်းညီညွတ်သော ယုံကြည်ချက် (Rational Faith) အဖြစ် ဆက်လက်ရှင်သန်ရပ်တည်လျက်ရှိသည်။
မကြာသေးခင်ကဘာသာမဲ့ သိပ္ပပညာရှင်များဖြစ်သော Richard Dawkins ရဲ့ The God Delusion၊ Sam Harris ၏ The End of Faith: Religion, Terror, and the Future of Reason၊ Christopher Hitchens ၏ God is not Great: How Religions Poisons Everything စသည့် စာအုပ်များသည် လူအများ၏ဟစိတ်ဝင်စားခြင်းကို ခံရလျက်ရှိကာ ဘာသာတရားနှင့်ခရစ်ယာန်ယုံကြည်ချက်များအား ထင်ယောင်ထင်မှားဖြစ်စေခဲ့သည်။
ထို့ကြောင့် မရှေးမနှောင်းမှာပင် ထိုစာအုပ်များအား ချေပထားသည့် R. Albert Mohler ၏ Atheism Remix၊ David Bnetley Hart ၏ Atheist Delusion: The Christian Revolution and Its Fashionable Enemies၊ Paul Copan & William Lane Craig တို့ရဲ့ Contending with Christianity’s Critics: Answering New Atheists and Other Objectors၊ William Lane Craig ၏ Five Arguments for The Existence of God စာအုပ်နှင့် နောက်ထပ်စာအုပ်များစွာထွက်ပေါ်လာခဲ့ ပြီး ခရစ်ယာန် ယုံကြည်ချက်၏ အဓိပ္ပါယ်ရှိမှုများကို ဖော်ပြ တင်ပြနိုင်ခဲ့ကြသည်။မည်သည့် ဖီလော်တော်ဖီ ရှုထောင့်နှင့်သိပ္ပံနယ်ပယ်၌ မဆို ဘုရားသခင် တည်ရှိခြင်းကို ခိုင်အာစွာအဖြေပေးနိုင်ခဲ့ကြသည်။ထိုစာအုပ်များကိုလည်းရှာဖွေဖတ်ရှုသင့်လှပေသည်။
ခရစ်ယာန် သိပ္ပံပညာရှင်များဖြစ်သော Mike Poole ၏ God and the Scientistစာအုပ်၊William A. Dembski ၏ Uncommon Dissent: Intellectuals Who Darwinism Unconvincing နှင့် တရုတ် နိုင်ငံသားသိပ္ပံပညာရှင် ဘုရားမဲ့ဝါဒီ ဘဝမှ ခရစ်ယာန် ဖြစ်လာသူ Li Cheng ၏ Song of a Wanderer: Beckoned by Eternity စာအုပ်များသည်လည်း မည်သည့်သိပ္ပံရှုထောင့်မှမဆို ဘုရားသခင်တည်ရှိခြင်းအားနားလည်နိုင်ကြောင်းကို ဖော်ပြပေးနေသည့်စာအုပ်ကောင်းများဖြစ်သည်။
အထက်ပါဖော်ပြချက်များသည် ခရစ်ယာန် ယုံကြည်ချက်အား မည်သို့မည်မျှ တိုက်ခိုက်ကြသည်ဆိုသည့်အချက်ကို ဖော်ပြပေးနေသည်။ထို့အပြင် မှားယွင်းသည့် သုတေသန ရှုထောင့်မှလည်း တိုက်ခိုက်ခံနေရဆဲဖြစ်သည်။ဥပမာ- Jesus Lived In India by Notovitchစာအုပ်လ်ုမျိုး၊ယေရှုတိဘက်ရောက်ကာဗုဒ္ဓဘုန်းကြီးဝတ်ခဲ့သည်ဟူသော စာအုပ်မျိုး၊ Dan Brown ရဲ့ Da Vinci Code ထဲ မှာ ယေရှု သည်မဂဒလ မာရိနှင့် အိမ်ထောင်ကျခဲ့ကာ ကလေး ရခဲ့သည်ဟူသောစွဲချက်၊ The Lost Gospels များအားတွေ့ရှိခဲ့သည် ဟူသောစွပ်စွဲချက်များစသည်စသည်။
သို့ရာတွင် James Garlow နှင့် PeterJones တို့၏ Cracking the Da Vinci’s Code စာအုပ်၊Lee Stroble ၏ Discussing the Da Vinci’s Code စာအုပ် ၁/၂၊ Lee Stroble ၏ The Case for Real Jesusစာအုပ်၊ The Case for Faithစာအုပ်များသည် လည်းဖတ်ရှုသင့်သောစာအုပ်များဖြစ်သည်။
ထို့ကြောင့် ခရစ်ယာန်ယုံကြည်ချက်သည် တိုက်ခိုက်ခံနေရသောလည်း ထိုတိုက်ခိုက်မှုများအား ကျိုးကြောင်းညီညွတ်စွာ တင်ပြနိုင်သော ဘုရားသခင်ယုံကြည်သူများအားအမြဲ ပင်ဘုရားသခင်ပေါ်စေခဲ့သည်မှာ ကျေးဇူးတော်ချီးမွမ်းစရာပင်ဖြစ်သည်။
မသမာသူများ၏ မနာလိုတိုက်ခိုက်ခြင်းခံရသော်လည်း ယုံကြည်သူများ ရဲဝင့်စွာခရစ်တော်အတွက် မားမားမတ်မတ်ရပ်တည်ရန် တိုက်တွန်းလိုပါသည်။
“ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ်၏။ ဆာလံ ၁၄း၁

Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *