Apologetic

ဘုရားရှိသလား? အပိုင်း (၂)

Admin

, Author

(၂) ဘုရားတည်ရှိပါသလား? - စကြာဝဠာကြီးမှာ အစရှိခဲ့တယ် - ဘာကဖြစ်စေခဲ့သလဲ?

သိပ္ပံပညာရှင်တွေက ကျနော်တို့ စကြာဝဠာကြီးဟာ စွမ်းအင်နဲ့ အလင်းတို့ ကြီးမားစွာ ပေါက်ကွဲပြီး အစပြုလာခဲ့တယ်လို့ လက်ခံယုံကြည်ကြပါတယ်။ ဒါကို ကျနော်တို့ Big Bang (သို့) မဟာပေါက်ကွဲမှုလို့ ခေါ်ကြပါတယ်။ အဲဒါ ရှိရှိသမျှအရာခပ်သိမ်းရဲ့ တစ်ခုတည်းသောအစဖြစ်ပါတယ်။ စကြာဝဠာကြီးရဲ့အစ၊ အာကာသရဲ့အစ၊ ပြီးတော့ အချိန်ရဲ့အစလည်း ဖြစ်ပါတယ်။

မိမိကိုယ်ကို ဘုရားတရားမယုံကြည်သူလို့ခံယူတဲ့ ရူပနက္ခတ္တဗေဒပညာရှင် ရောဘတ်ဂျက်စထရိုးက “စကြာဝဠာကြီးထဲက ဖြစ်တည်သမျှ ခပ်သိမ်းရဲ့မျိုးစေ့ဟာ အဲဒီ အဦးဆုံးသောအခြင်းအရာမှာ စိုက်ပျိုးထားပြီးဖြစ်ပါတယ် - အာကာသလုံးဆိုင်ရာပေါက်ကွဲမှုကြီး ဖြစ်ပွားတာနဲ့တချိန်တည်း အရာရာဟာ ရုပ်မြင်လှုပ်ရှားလာပြီး အဲဒီရလာဒ်ကြောင့်ပဲ စကြာဝဠာထဲက ကြယ်တိုင်း၊ ဂြိုဟ်တိုင်းနဲ့ သက်ရှိတိုင်းဟာ သက်ဝင်လှုပ်ရှားလာတာ ဖြစ်ပါတယ်။ စကြာဝဠာကြီးဟာ လျှပ်တပြက် ပေါ်ထွန်းလာပြီးတော့ အဲဒါကို ဘာကဖြစ်စေတယ်ဆိုတာတော့ ကျနော်တို့ မသိရပါဘူး။”၉ လို့ ပြောခဲ့ပါတယ်။

ရူပဗေဒဆိုင်ရာနိုဘယ်လ်ဆုရှင် စတီဗင်ဝိုင်းဘတ်ဂ် ပြောတာက - အဲဒီပေါက်ကွဲမှုဖြစ်လာတာနဲ့ တပြိုင်နက် “စကြာဝဠာကြီးဟာ သန်းထောင်ပေါင်းတစ်ရာဒီဂရီစင်တီဂရိတ်လောက်ကို ချဲ့ကားထွက်သွားပြီးတော့ စကြာဝဠာတခွင်လုံး အလင်းနဲ့ပြည့်သွားပါတယ်။”၁၀ လို့ ပြောခဲ့ပါတယ်။

စကြာဝဠာကြီးဟာ အမြဲတမ်း ဒီအတိုင်း ရှိနေခဲ့တာ မဟုတ်ပါဘူး။ သူ့မှာ အစရှိပါတယ် - ဘာကဖြစ်စေတာလဲ? သိပ္ပံပညာရှင်တွေဆီမှာ အလင်းနဲ့ဝတ္ထုရုတ်တရက်ပေါက်ကွဲခြင်းအတွက် ရှင်းပြချက် မရှိပါဘူး။

Please follow and like us:

Leave a Reply

Your email address will not be published. Required fields are marked *