ဘုရားရှိသလား? အပိုင်း (၂)

(၂) ဘုရားတည်ရှိပါသလား? – စကြာဝဠာကြီးမှာ အစရှိခဲ့တယ် – ဘာကဖြစ်စေခဲ့သလဲ?

သိပ္ပံပညာရှင်တွေက ကျနော်တို့ စကြာဝဠာကြီးဟာ စွမ်းအင်နဲ့ အလင်းတို့ ကြီးမားစွာ ပေါက်ကွဲပြီး အစပြုလာခဲ့တယ်လို့ လက်ခံယုံကြည်ကြပါတယ်။ ဒါကို ကျနော်တို့ Big Bang (သို့) မဟာပေါက်ကွဲမှုလို့ ခေါ်ကြပါတယ်။ အဲဒါ ရှိရှိသမျှအရာခပ်သိမ်းရဲ့ တစ်ခုတည်းသောအစဖြစ်ပါတယ်။ စကြာဝဠာကြီးရဲ့အစ၊ အာကာသရဲ့အစ၊ ပြီးတော့ အချိန်ရဲ့အစလည်း ဖြစ်ပါတယ်။

မိမိကိုယ်ကို ဘုရားတရားမယုံကြည်သူလို့ခံယူတဲ့ ရူပနက္ခတ္တဗေဒပညာရှင် ရောဘတ်ဂျက်စထရိုးက “စကြာဝဠာကြီးထဲက ဖြစ်တည်သမျှ ခပ်သိမ်းရဲ့မျိုးစေ့ဟာ အဲဒီ အဦးဆုံးသောအခြင်းအရာမှာ စိုက်ပျိုးထားပြီးဖြစ်ပါတယ် – အာကာသလုံးဆိုင်ရာပေါက်ကွဲမှုကြီး ဖြစ်ပွားတာနဲ့တချိန်တည်း အရာရာဟာ ရုပ်မြင်လှုပ်ရှားလာပြီး အဲဒီရလာဒ်ကြောင့်ပဲ စကြာဝဠာထဲက ကြယ်တိုင်း၊ ဂြိုဟ်တိုင်းနဲ့ သက်ရှိတိုင်းဟာ သက်ဝင်လှုပ်ရှားလာတာ ဖြစ်ပါတယ်။ စကြာဝဠာကြီးဟာ လျှပ်တပြက် ပေါ်ထွန်းလာပြီးတော့ အဲဒါကို ဘာကဖြစ်စေတယ်ဆိုတာတော့ ကျနော်တို့ မသိရပါဘူး။”၉ လို့ ပြောခဲ့ပါတယ်။

ရူပဗေဒဆိုင်ရာနိုဘယ်လ်ဆုရှင် စတီဗင်ဝိုင်းဘတ်ဂ် ပြောတာက – အဲဒီပေါက်ကွဲမှုဖြစ်လာတာနဲ့ တပြိုင်နက် “စကြာဝဠာကြီးဟာ သန်းထောင်ပေါင်းတစ်ရာဒီဂရီစင်တီဂရိတ်လောက်ကို ချဲ့ကားထွက်သွားပြီးတော့ စကြာဝဠာတခွင်လုံး အလင်းနဲ့ပြည့်သွားပါတယ်။”၁၀ လို့ ပြောခဲ့ပါတယ်။

စကြာဝဠာကြီးဟာ အမြဲတမ်း ဒီအတိုင်း ရှိနေခဲ့တာ မဟုတ်ပါဘူး။ သူ့မှာ အစရှိပါတယ် – ဘာကဖြစ်စေတာလဲ? […]

ဘုရားရှိသလား? အပိုင်း (၁)

ဘုရားရှိသလား? အပိုင်း (၁)

ဘုရားဆိုတာရှိသလား?

ဘုရား အမှန်တကယ်ရှိတယ်ဆိုတာယုံကြည်ဖို့ ရှင်းလင်းတိကျသော အကြောင်းပြချက်များ(၆)ချက် ပြောပြပါမယ်။ — မေရီလင်းအာဒမ်ဆင်ထံမှ

ဘုရားရှိတယ်ဆိုတဲ့အထောက်အထားကို တစ်ယောက်ယောက်က တစ်ကြိမ်တစ်ခါလောက် သင့်ကိုပြတာမျိုး မလိုချင်ဘူးလား? အကျပ်ကိုင်တာမျိုး မဟုတ်ပါဘူး။ “ယုံသာယုံလိုက်ပါ” လို့လည်း မဆိုပါဘူး။ ဟုတ်ပြီ၊ ဘုရားရှိတယ်ဆိုတဲ့ အကြောင်းပြချက်တချို့ကိုသာ ဘွင်းဘွင်းရှင်းရှင်းပဲ ပြောလိုက်ပါရစေ။

ဒါပေမယ့် ဒါကိုအရင်စဉ်းစားပါ။ ဘုရားတည်ရှိခြင်းရဲ့ ဖြစ်နိုင်ခြေရှိမှုတွေနဲ့ ပတ်သက်လာရင်၊ သမ္မာကျမ်းစာထဲမှာပြောထားတာက- တချို့သောသူတွေက ခိုင်လုံတဲ့အထောက်အထားတွေ တွေ့သော်လည်းပဲ ဘုရားနဲ့ပတ်သက်တဲ့အမှန်တရားတွေကို ချိုးနှိမ်ထားကြတာပဲဖြစ်တယ်လို့ပြောပါတယ်။၁ ဒါပေမယ့် ဘုရားရှိလားသိချင်တဲ့သူတွေအတွက် ဘုရားက “ငါ့ကို ရှာသောအခါ၊ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြလိမ့်မည်။ ငါသည်လည်း သင်တို့အတွေ့ကို ခံမည်။”၂ လို့ ပြောပါတယ်။ ဘုရားရှိကြောင်းဖော်ပြချက်တွေ မကြည့်ခင်မှာ ကိုယ့်ကိုယ်ကို မေးကြည့်ပါ၊ ဘုရားတကယ်ရှိတယ်ဆိုရင် ငါ သူ့ကိုသိဖို့လိုမလား? ဆင်ခြင်တွေးတောဖို့အချက်တချို့ အောက်မှာရှိပါတယ်။

(၁) ဘုရားတည်ရှိပါသလား? – ကျနော်တို့ကမ္ဘာမြေကြီးရဲ့နက်နဲရှုပ်ထွေးမှုဟာ ကျနော်တို့စကြာဝဠာကြီးကို ဖန်ဆင်းရုံမက ဒီနေ့ထက်ထိထိန်းချုပ်နေတဲ့ ရည်ရွယ်ချက်ရှိရှိ ပုံစံပြုသူတစ်ဦးရှိနေမှန်း ညွှန်ပြနေပါတယ်။

ဘုရားရဲ့ပုံစံပြုခြင်းကိုဖော်ပြတဲ့ဥပမာတွေ အများကြီးပေးလို့ရပါတယ်၊ ကုန်မယ်တောင်မထင်ဘူး။ ဒီမှာ အနည်းငယ် ပေးပါမယ်။

ကမ္ဘာမြေကြီး – အရွယ်အစားက တကယ့်ကို ကွက်တိပါ။ ကမ္ဘာ့အရွယ်အစားနဲ့ သူနဲ့လိုက်လျောညီထွေတဲ့ ဆွဲအားက နိုက်ထရိုဂျင်နဲ့ အောက်ဆီဂျင်ဓာတ်ငွေ့တွေနဲ့ ဖွဲ့စည်းထားတဲ့၊ ကမ္ဘာမြေမျက်နှာပြင်အထက် မိုင် […]